TNLA ၅ လောင်း ၂ လက် သိမ်းဆည်းရရှိ

မတ်လ ၂၃ ရက် (ယနေ့) နေ့လည်ပိုင်းအချိန်က နောင်ချိုမြို့နယ်၊ အုမ္မသီးရွာအနီး အကြမ်းဖက် TNLA အဖွဲ့များ ချဉ်းကပ်လှုပ်ရှားမှုကို ကင်းထောက် Drone ဖြင့် တွေ့ရှိခဲ့ပြီး Drone Attack ဖြင့် ကြိုတင်ချေမှုန်းခဲ့ရာ ရန်သူမှာ အလောင်းများဆွဲ ထွက်ပြေးသွားခဲ့။ ရန်သူလှုပ်ရှားရာနေရာအား မြေပြင်စစ်ကြောင်းများဖြင့် သွားရောက်ရှင်းလင်းရာ အလောင်းမဆွဲနိုင်ဘဲ ကျန်ရစ်ခဲ့သည့် -(၁) TNLA အလောင်း ၅ လောင်း(၂) Type-81 သေနတ် ၂ လက်(၃) ကျည်အိမ်/ ကျည်ဆန်များ(၄) လက်ပစ်ဗုံး ၂ လုံး(၅) ကျောပိုးအိတ် ၄ လုံး(၆) အီကွေ့မန့် ၃ ခု၊ ယူနီဖောင်း ၂ စုံတို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *