ချင်းပြည်သစ်ကွန်ဂရက်ပါတီက UEC ထံ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထား

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီတည်ထောင်လိုသော ချင်းပြည်သစ်ကွန်ဂရက်ပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံသို့ မတ်လ ၆ ရက်တွင် လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီမှာ ယခုအခါ ၂၀ ရှိပြီဟု သိရပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီမှာ ၅၀ ရှိသဖြင့် စုစုပေါင်းပါတီ ၇၀ ရှိပြီဖြစ်ကြောင်း UEC က အသိပေးထားသည်။

ယခုလို နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားသည့်အဖွဲ့ကို ပါတီတည်ထောင်ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။𝙈𝙃𝙏𝙉𝙀𝙒𝙎@myanmarhardtalk

Leave a Reply

Your email address will not be published. Required fields are marked *