မြန်မာ – ချုံချင့် ပညာရေးဆိုင်ရာကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့ အကြားပညာရေးဆိုင်ရာ ကဏ္ဍများပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ချုံချင့်မြူနီစီပယ်မြို့ ချုံချင့်တက္ကသိုလ်မှ ဒုတိယပါမောက္ခ ချုပ်တို့သည် ဖေဖော်ဝါရီ (၂၄) ရက်တွင် တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့် တက္ကသိုလ်တို့ အကြားပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ချုံချင့်တက္ကသိုလ်တို့အကြား သုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရေးကိစ္စရပ်များ၊ နှစ်ဖက်တက္ကသိုလ်များအကြား ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များ၊ ချုံချင့် တက္ကသိုလ်မှ ပညာ သင်ဆုပေးအပ်နေမှုများနှင့် ပညာရေးကဏ္ဍအောက်မှ အခြားပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *