PDF အကြမ်းဖက်များ၏ အကြောင်းမဲ့သတ်ဖြတ်မှုများနှင့် မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၂၁ ရက် ၁၃၄၀ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာ နွယ်စဉ်ရပ်ကွက်၊ ၄၀ လမ်း၊ ၇၂ x ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇)သို့ (စိစစ်ဆဲ)ကျား ၁ ဦးမှ Super Cub ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ အသင့်ယူဆောင်လာသည့် ပစ္စတိုသေနတ် ၁ လက်ဖြင့် ဘဏ်ဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေကျပ် ၁,၁၄၅ သိန်းခန့်အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၂၁ ရက် ၁၂၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့၊ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းဖော်ဆောင်ရေးဆိုင်ရာ အုပ်ချုပ်မှုရုံးသို့ အကြမ်းဖက်အဖွဲ့သို့ PDF အင်အား ၃၀ ဦးခန့်မှ လက်နက်ငယ်များကိုင်ဆောင်၍ ကား/ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ရုံးဝန်ထမ်း ၅ ဦးအား ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်း ၃ လုံးအား သိမ်းဆည်း ၍ အုပ်ချုပ်မှုရုံးစတိုခန်းအတွင်းမှ ဒီဇယ် ပလတ်စတစ်ပုံး ၄ ပုံး(၁၈ ဂါလံ)၊ ဓာတ်ဆီပလတ်စတစ်ပုံး ၄ ပုံး(၁၈ ဂါလံ)၊ အင်ဂျင်ဝိုင်ပလတ်စတစ်ပုံး ၁ ပုံး(၇ ဂါလံ)၊ ဘက္ထရီအိုးအဟောင်း ၆ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ ယာဉ်အမှတ်၊ 6F-1374 Ford (ခဲရောင်)ယာဉ် ၁ စီးတို့အား ယူဆောင်၍ လက်ပံကျင်း(မြောက်)ကျေးရွာဘက်သို့ ယူဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၂၁ ရက် ၀၆၅၀ နာရီတွင် ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာ၏ အရှေ့ဘက် စစ်တောင်းမြစ်တစ်ဖက်ကမ်းမှ PDF အကြမ်းဖက်အဖွဲ့သည် သူရဲသမိန်ကျေးရွာဘက်သို့ လက်နက်ငယ်ဖြင့် ၃ ချက်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ သူရဲသမိန်ကျေးရွာ စက်လှေဆိပ်၌ ရှိနေသည့် သန်းနိုင်(၄၇)နှစ်၏ ဝဲရင်အုံကျည်ထိမှန်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *