အပြစ်မဲ့ပြည်သူများအား PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်

ဖေ ၂၄ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးရွာမှ အမျိုးသမီး ၃ ဦးသည် ၎င်းတို့၏ လယ်ထဲတွင် ပေါင်းနုတ်နေစဉ် အကြမ်းဖက် PDF ၃၀ ဦးခန့်က သေနတ်ဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့။ ထိုသို့ပစ်ခတ်မှုကြောင့် -(၁) မသန္တာထွေး (၁၇)နှစ်၊ (စိုးရိမ်ရ)(၂) ဒေါ်သန်းသန်းစိုး (၃၈)နှစ်၊ (မစိုးရိမ်ရ)(၃) ဒေါ်ပပဦး (၄၆)နှစ်၊ (မစိုးရိမ်ရ)ဒဏ်ရာအသီးသီးရရှိပြီး ရွှေဘိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိ။ အကြမ်းဖက်သမားများ နောက်သို့ လခရအဖွဲ့များမှ လိုက်လံရှင်းလင်းလျက်ရှိ။-အကြမ်းဖက် PDF များအနေဖြင့် အပြစ်မဲ့ပြည်သူများအား မကြာခဏ အကြမ်းဖက်တိုက်ခိုက်လေ့ရှိပြီး အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် အကြမ်းဖက်သမားများ၏ သတင်းများကို လျှို့ဝှက်စွာပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *