ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် နေပြည်တော်- ရန်ကုန်- နေပြည်တော်ခရီးစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ (MSME) နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ ၁၃၀ ဦးတင်ဆောင်၍ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီတွင် နေပြည်တော်ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ရာ ရန်ကုန်ဘူတာသို့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြောင်းနှင့် နေပြည်တော်မှ ရန်ကုန်သို့ ဘူတာစဉ်ရပ်တန့်ချိန်များအပါအဝင် ခရီးသွားချိန် ၅ နာရီ မိနစ် ၅၀ ကြာမြင့်ခဲ့ကြောင်း သိရသည်။