အင်းတော်တွင် KIA အလောင်းနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ဖေဖော်ဝါရီလ ၁၄ ရက် နေ့လည်ပိုင်းအချိန်က နယ်မြေရှင်းလင်းလျက်ရှိသည့် ပူးပေါင်းစစ်ကြောင်းသည် အင်းတော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ တုံးပုံရွာအနီး ချီတက်ရှင်းလင်းစဉ် ရန်သူ ၇၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တုံးပုံရွာအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျ၊ ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -(၁) KIA/PDF ၃ လောင်း(၂) လက်နက်မျိုးစုံ ၉ လက် – ၄၀ မမလောင်ချာ ၁ လက် – စက်လတ် ၁ လက် – MA-2 ၁ လက် – Type-81 ၆ လက်(၃) ကျည်အိမ် ၂၅ ခု၊ ကျည် ၄၀၀၀ ကျော်(၄) ကျည်ခါးပတ်တွဲ ၃ ခု(၅) RPG ဗုံးသီး ၆ လုံး၊ ပို့ကျည် ၁၂ တောင့်(၆) အီနာဂါ ၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး(၇) လက်ပစ်ဗုံး ၄၈ လုံး(၈) အိုင်ကွန် ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *