လူတွေဟာ📢📢📢
သောကဖြစ်စရာတွေ ကြုံရမယ်။
ဒေါသဖြစ်စရာတွေ ကြုံရမယ်။
အမျိုးမျိုးကြောင့် စိတ်တွေ
မတည်ငြိမ်တဲ့အခါမှာ ဘုရားဂုဏ်တော်တွေကို
အာရုံပြုပြီး နေလိုက်မယ်ဆိုရင်
စိတ်ကလေးတည်ငြိမ်ပြီးတော့
ငြိမ်းအေးလာလိမ့်မယ်။
ဒီနည်းကို မသိတဲ့သူတွေကျတော့
တခြားနည်းတွေနဲ့ စိတ်ကို
တည်ငြိမ်အောင် လုပ်ကြတယ်။
အိပ်ဆေး တွေသောက်တယ်။
မူးယစ်ဆေးတွေသောက်တယ်။
ဒီနည်းတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
အများကြီး ဆက်ခံရတော့တာပါပဲ။
တရားဓမ္မမှာ ဘေးထွက်ဆိုးကျိုးဆိုတာ မရှိဘူး။
တရားဓမ္မနည်းနဲ့ စိတ်တည်ငြိမ်အောင်
ကြိုးစားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲနဲ့
ထာဝရငြိမ်းချမ်းတဲ့ ငြိမ်းအေးမှုမျိုး ရနိုင်တယ်။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
