ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ)မှ တပ်ဖွဲ့ဝင်များက ရေဝင်နစ်မြုပ်နေသော ကုန်တင်လှေတစ်စီးကို ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး ရေဝင်နစ်မြုပ်နေကြောင်း ဆက်သွယ်ရေးလေလှိုင်းမှ သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေအနီးသို့ရောက်ရှိခဲ့ပြီးလှေပေါ်တွင်လိုက်ပါလာသော လှေသား ၅ ဦးအား ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

