ကျားဖြန့်အခြေပြု နေရာများအား ဝင်ရောက်ရှင်းလင်း

ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် စစ်ကြောင်းများဖြင့် ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် ၅ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -(၁) အကြမ်းဖက် ၂ လောင်း(၂) လက်နက်မျိုးစုံ ၆ လက် – Type-56 သေနတ် ၂ လက် – Type-81 သေနတ် ၁ လက် – M-22 သေနတ် ၁ လက် – M-79 သေနတ် ၁ လက် – ၆၀ မမ စိန်ပြောင်း ၁ လက်(၃) တရုတ်နိုင်ငံသား ကျား- (၇) မ- (၁) ဦး(၄) မြန်မာနိုင်ငံသား ကျား- (၈) မ- (၄) ဦးတို့အား ဖော်ပြလက်နက်များနဲ့အတူ ဖမ်းဆီးရရှိခဲ့သည်။

-အလားတူ အဆိုပါနေ့တွင်ပင် မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်းတွင် ကျားဖြန့်လုပ်ငန်းများလုပ် နေကြောင်း တာဝန်သိပြည်သူများမှ သတင်းပေးလာသဖြင့် သွားရောက်ရှင်းလင်းရာ နောင်ဟန်ရွာအနီး၌ မသင်္ကာဖွယ် တဲ ၇ လုံးအား တွေ့ရှိရ။ တဲများအတွင်း ဝင်ရောက်ရှင်းလင်းရာ -(၁) သေနတ် ၁ လက် (အမျိုးအစားစိစစ်ဆဲ)(၂) ကျည် ၅ တောင့်(၃) ကျားဖြန့်လုပ်ငန်းသုံး ဖုန်း ၁၈၁ လုံး(၄) Laptop ၂၅ လုံး(၅) Desktop ၂၁ လုံး(၆) WIFI စက် ၂ လုံး(၇) Starlink ၂ စုံ(၈) ဆိုလာအကြီး ၈ ချပ်(၉) ဘထ္ထရီ ၆ လုံး(၁၀) Aircooler ၁ လုံး(၁၁) ရေခဲသေတ္တာ ၁ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *