နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် ၃ / ၂ဝ၂၆ ဖြင့် ဧပြီ ၂၃ ရက်က အသိပေးခဲ့သည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့)တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်း(သို့)ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ(သို့)အစိုးရအမှုထမ်းများကို ဟန့်တားခြင်း(သို့)နှောက်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)တို့အားကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား…