ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ တုံးပုံရွာအနီးရှိ ရန်သူအား ချီတက်ရှင်းလင်းစဉ် နေရာ ၃ နေရာမှ KIA နှင့် အကြမ်းဖက်သူအင်အား ၁၃၀ ဦးခန့်က Drone ၊ လနက၊ လနင၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်းမှ-
အကြမ်းဖက် ၂ လောင်း
အရှင်မိ ၁ ဦး
အမ်(၂၂) ၁ လက်
အမ်(၂၂) ၄၀ မမလောင်ချာတွဲ ၁ လက်
ကျည်အိမ် ၆ ခု
ကျည် ၁၂၀ တောင့်
ဖုန်း ၁ လုံး
လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။
စစ်ကိုင်းတိုင်းအတွင်းမှ ဗမာ PDF များနှင့် KIA အဖွဲ့များ အင်းတော်မြို့ကို တိုက်ခိုက်လျက်ရှိရာ မြို့၏ ၃ ပုံ ၂ ပုံခန့် ပျက်စီးခဲ့ရပြီး KIA အဖွဲ့အနေဖြင့် ဗမာ PDF များကို ရှေ့မှထား၍ တိုက်ပွဲဝင်ခိုင်းပြီး အင်းတော်မြို့ရှိ ရှမ်းနီလူမျိုးများ၏ နေအိမ်များကို ပစ်မှတ်ထားရှိကာ ပစ္စည်းများ ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ဖျက်စီးခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်…