ဧရာဝတီမှာ Irrawaddy နဲ့ Ayeyarwaddy ဆိုပြီး မီဒီယာ ၂ မျိုးရှိတယ် .. အဲ့ထဲက Ayeyarwaddy ဆိုတဲ့ မီဒီယာကတော့ အပေါစားအဆန်ဆုံး၊ ဂျင်းအထည့်နိုင်ဆုံး၊ သတင်းအမှား အတင်ဆုံးဖြစ်ပြီး သတင်းကို စိစစ်ခြင်းမရှိ ပေါက်လွတ်ပဲစား တင်တယ် …
လွန်ခဲ့တဲ့ ၂ လလောက်က အဲ့ Ayeyarwaddy ကပဲ တင်တယ် .. စစ်တက္ကသိုလ်ကို မှော်ဘီကို ပြောင်းရွှေ့ မယ်ဆိုပြီး။ အခုလည်း တင်ပြန်ပြီ .. စစ်တက္ကသိုလ်ကို နေပြည်တော်ကို ပြောင်းမယ်တဲ့။ ရူးနေတာ ဖြစ်မယ်။
စစ်ကျောင်းတွေကို ဖွင့်တယ်ဆိုကတည်းက ရည်ရွယ်ချက်တွေရှိတယ်။ DSMA (စစ်ဆေးတက္ကသိုလ်)ကို ရန်ကုန်မှာ ဖွင့်တယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ ဆေးရုံကြီးတွေ အများကြီးရှိလို့။ အလုပ်သင်ဆရာဝန်တွေကို House ဆင်းနိုင်တဲ့ အရင်းအမြစ်တွေ အများကြီးရှိလို့။
DSA (စစ်တက္ကသိုလ်) / DSTA (စစ်အင်ဂျီနီယာတက္ကသိုလ်)တွေကို လေ့ကျင့်ရေးမြေ ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့အတွက်ရယ် .. နိုင်ငံအနှံ့ ရာသီမရွေး ဒဏ်ခံနိုင်အောင် လေ့ကျင့်ပေးလို့ရတဲ့ (အအေးဒဏ်လည်းခံနိုင်၊ အပူဒဏ်လည်းခံနိုင်အောင်) မျှတတဲ့ရာသီဉတုရှိလို့ရယ် .. အင်ဂျီနီယာတွေအတွက် စက်ရုံကြီးတွေ၊ သုတေသန lab တွေ အများဆုံးရှိတဲ့ ပြင်ဦးလွင်လို နေရာမျိုးမှာ ဖွင့်တယ်။ အားလုံးက ရည်ရွယ်ချက်တွေနဲ့ ဖွင့်ထားတာ။
Ayeyarwaddy ဂျင်းမီဒီယာရေးသလိုမျိုး ပေါက်လွတ်ပဲစား ဖွင့်ထားတာ မဟုတ်ဘူးဆိုတာ သိဖို့ ရေးသားလိုက်ပါတယ်။