အကြမ်းဖက် PDF များ၏ ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ

-ဇန်နဝါရီလ ၂၃ ရက် ၀၈၃၀ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအရှေ့ရပ်ကွက်၊ ၈၀ လမ်းနှင့် ၃၂ လမ်းထောင့်တွင် ရေမြောင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရေမြောင်းအတွင်းမှ MGI အမျိုးအစား လက်ပစ်ဗုံး ၁ လုံးအားတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၃ ရက် ၁၇၅၅ နာရီတွင် ငါန်းဇွန်မြို့၏ တောင်ဘက် ၁၄ မိုင်ခန့်အကွာ ငါန်းဇွန်မြို့နယ်၊ မြို့သာ(ရ)ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့မှ Drone ၁ စီးဖြင့် Drop ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့ရာ “မြင့်မိုရ်ဦး” စားသောက်ဆိုင်ဝန်းရှိ ပစ္စည်းအဟောင်း များထားရှိသည့် ၃×၂ ပင်၊ သွပ်မိုး ထရံကာ မြေစိုက်တဲပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *