-ဇန်နဝါရီလ ၂၁ ရက် ဇန်နဝါရီလ ၁၆ ရက် ၂၃၃၀ နာရီတွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဝါးတန်းရပ်ကွက်၊ အဏ္ဏဝါ(၆) လမ်းနေ ဦးကျော်နိုင်(ခ)ဦးတရုတ်(၅၉)နှစ်သည် နေအိမ် ဈေးဆိုင်၌ ရှိနေစဉ် အကြမ်းဖက် ၅ ဦး ခန့်သည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးအား ချိုးဖျက်၍ ဦးကျော်နိုင်(ခ)ဦးတရုတ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ပြင်းငယ်ကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း၊ ဖြစ်စဉ်တွင် ဦးကျော်နိုင်(ခ)ဦးတရုတ်သည် နောက်ကျောမှ ဝဲဝမ်းဗိုက် ကျည်ဖောက်ထွက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက် ၀၁၀၀ နာရီတွင် ပုလောမြို့၊ ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်းသိရှိရ။
-ဇန်နဝါရီလ ၂၁ ရက်တွင် မြိတ်မြို့၌ ဆေးကုသမှုခံယူရန် မေတ္တာရှင်ပရဟိတအသင်းမှ ဦးအားပိန် မောင်းနှင်သော Toyota Hiace ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ၀၉၂၀ နာရီတွင် ပုလောမြို့၊ ပဝတ်ကုန်းကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် PDF အကြမ်းဖက် အင်အား ၁၀ ဦးခန့်မှ ယာဉ်အားတားဆီး၍ ဦးကျော်နိုင်(ခ)ဦးတရုတ်အားဖမ်းဆီးသွားခဲ့ကြောင်းသိရှိရ။
-ဇန်နဝါရီလ ၂၁ ရက် ၁၄၄၅ နာရီတွင် မြစ်သားမြို့နယ်၊ မင်းလယ်ကျေးရွာတွင်နေထိုင်သော ဦးချစ်လှိုင်(၆၆)နှစ်သည် Honda Click (အဖြူရောင်) ဆိုင်ကယ်အား တစ်ဦးတည်းမောင်နှင်၍ မြစ်သားမြို့မှ မင်းလယ်ကျေးရွာသို့ လက်ညှိုးထိုး – ဘုံကွင်းသွား ကားလမ်းအတိုင်း ပြန်လာစဉ် မိုင်တိုင်အမှတ်(၃ နှင့် ၄)ကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်၍ခဲ့ရာ ဦးချစ်လှိုင်မှာ သေဆုံးသွားခဲ့ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား ယူဆောင်ကာ လက်ညှိုးထိုး-ဘုံကွင်းသွား ကားလမ်းမှတစ်ဆင့် ခရိုင်ချင်း ဆက်လမ်းအတိုင်း မြောက်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်းသိရှိရ။
-ဇန်နဝါရီလ ၂၂ ရက် ၁၀၅၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာနေ ဦးစိုးနိုင်ဦး(၃၉)နှစ်၊ ခြံလုပ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိ လာပြီး ဒလန်ဟုစွပ်စွဲပြောဆိုကာ ပစ္စတိုသေနတ်ဖြင့် ၉ ချက်ပစ်ခတ်ခဲ့ပြီး ကျိုက္ကသာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ရာ ဦးစိုးနိုင်ဦးတွင် ဝဲပါးဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ဝဲရင်ဘက်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ဝဲနားရွက်အောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ဖြင့် သေဆုံးသွားခဲ့။
–