ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။
ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း” ဟူသည့် ဦးတည်ချက်နှင့်အညီ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းအပေါင်း ၄၅ ခုမှပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပပညာရှင် ၄၀ ဦး တိုးတက်ရောက်ကြမည်ဖြစ်ကာ ၄၀ ဦး Keynote Address (၆) ခုı Special Talk (၅) ခုနှင့် ပြည်တွင်း ပြည်ပသုတေသနစာတမ်း (၁၃၃) စောင် ဖတ်ကြားတင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ညီလာခံကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ပညာရေးနှင့် တိုင်းပြည်ကောင်းမွန်တိုးတက်စေရေး နိုင်ငံတော်နှင့်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မားလာစေရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


