ဗန်းမော်တိုက်ပွဲအတွင်း အကျအဆုံးများနေတဲ့ KIA/PDF များ

ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗန်းမော်တက္ကသိုလ်သို့ နေရာ ၅ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၅ ဦးခန့်က ၁ ကြိမ်၊ နေရာ ၂ နေရာမှ ရန်သူ(စိစစ်ဆဲ)အဖွဲ့က (၁) ကြိမ်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အလောင်းများဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဆက်လက်ရှင်းလင်းရာ-

အကြမ်းဖက် ၂ လောင်း
လက်နက် ၃ လက်
ကျည်အိမ် ၇ ခု
လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်များ မဆွဲယူနိုင်ဘဲ ကျန်ခဲ့တဲ့ အလောင်း ၂ လောင်းဟာ ဗမာ PDF တွေဖြစ်နေတာကို တွေ့ရပါတယ်..
ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ KIA တွေဟာ ဗမာ PDF တွေကို ရှေ့က တက်ခိုင်းပြီး ၎င်းတို့က နောက်ကနေတိုက်လို့ PDF တွေ ထိခိုက်သေဆုံးမှု များပြားနေပါတယ်..
KIA တွေ ကျရင် ခရစ်ယာန်ဘာသာနဲ့အညီ မြှုပ်နှံသင်္ဂြိုလ်ပေးပြီး ဗမာ PDF တွေကိုတော့ ၁၀ လောင်း ၁ ကျင်းနဲ့ ဖြစ်သလို မြှုပ်နှံပေးလေ့ရှိကြောင်းလည်း ကြားသိရပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *