အကြမ်းဖက်ခံရသူ မိသားစုများ ဝမ်းသာလော့(၃)
*******************************************
(7-10-2022)ရက်နေ့
–
(၁)
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်
နေထိုင်၍ KNU တပ်မဟာ (၂) သောက်ရေတွင်း
စခန်းသို့သွားရောက်ကာ အကြမ်းဖက်စစ်သင်တန်းအား
တက်ရောက်ခဲ့ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ
ရွှေလင်ပန်းစက်မှုဇုန်အတွင်း၌ ဗုံးထောင်ဖောက်ခွဲခြင်း
များပြုလုပ်ခဲ့သူ အကြမ်းဖက်သမား
* ဘုန်းမြင့်အောင်
အား ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါကြောင်း။။။
–
–
( ၂ )
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊
(၅)ရပ်ကွက်၊ လှိုင်သရဖူလမ်း၊ ရတနာအဆောင်(၂)၌
နေထိုင်၍ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း
သိရှိလျက်နှင့် လုံခြုံရေးတာဝန်ရှိသူများထံ အကြောင်း
ကြားရန်ပျက်ကွက်ခဲ့ခြင်း၊ ၎င်းအကြမ်းဖက်သမားများနှင့်
ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အားပေးကူညီမှုများ ပြုလုပ်
ပေးခဲ့သူ တရားခံ
* စန်းလွင်(ခ)စန်းမောင်
အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇)နှစ်ချမှတ်လိုက်ကြောင်း။
–
–
( ၃ )
ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်ပြီး
လူမှုကွန်ရက်စာမျက်နှာများပေါ်၌ အများပြည်သူများ
ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ မဟုတ်မမှန်
စာသားများ ရေးသားဖြန့်ချိခဲ့သော တရားခံ
* သက်ထက်ယုယအောင်
အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ်
ချမှတ်လိုက်ပါကြောင်း။
–
–
(၄)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေထိုင်၍
Perfect Freedon အကြမ်းဖက် အဖွဲ့တွင်
အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်၍ အကြမ်းဖက်
PDF များအတွက် အလှူငွေများကောက်ခံခြင်းနှင့်
လှုံ့ဆော်ခြင်းများဆောင်ရွက်ခဲ့သူ တရားခံ
* ထိန်ဝင်း(ခ)ညီထွေး
အား အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၇)နှစ်
ချမှတ်လိုက်ပါကြောင်း။
–
–
( ၅ )
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်
နေထိုင်၍ အကြမ်းဖက် PDF များအတွက်
အလှူငွေကောက်ခံခြင်းနှင့် ရရှိလာသည့်ငွေ
(၂၀၈၀၀၀)ကျပ်အား အကြမ်းဖက်သမားထံသို့
တရားမဝင်လွှဲပြောင်းပေးခဲ့သူ တရားခံ
* နိုးနိုး
အား ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါကြောင်း။
–
–
( ၆ )
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေထိုင်၍
အကြမ်းဖက်သမားများအား ထောက်ပံ့နေသော
Bee – စစ်သည်များ Facebook Group တွင်
အဖွဲ့ဝင် အဖြစ်ပါဝင်၍ အလှူငွေကောက်ခံခြင်း၊
ရရှိလာသည့်ငွေ (၃၀၆၃၉၀)ကျပ်အား အကြမ်းဖက်
သမားများထံသို့ တရားမဝင်လွှဲပြောင်းပေးခဲ့သူ တရားခံ
* အေးသီတာအောင်
အား ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပါကြောင်း။
–
–
(၇)
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
Su Su Sandi Htun (Oriana) Facebook Account
ဖြင့် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ အများပြည်သူ
များထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ မဟုတ်
မမှန်စာသားများ ရေးသားဖြန့်ချိခဲ့သူ တရားခံ
* စုစုစန္ဒီထွန်း(ခ)စုစု
အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်
လိုက်ပါကြောင်း ဖော်ပြအပ်ပါသည်။
(စစ်တရားရုံးရှိတဲ့နေ့တိုင်း တင်ပေးပါမည်)