ကချင်ပြည်နယ်မှာ လူမျိုးကြီးဝါဒကျင့်သုံးတဲ့ KIA/KIO အဖွဲ့ဟာ ဂျိန်းဖောအများစုဖြစ်လို့ ကချင်ပြည်နယ်ထဲရှိ အခြားလူမျိုးစုဖြစ်တဲ့ လီဆူး၊ ရဝမ်၊ လချိတ်၊ ရှမ်းနီ၊ ဗမာနဲ့ ဂေါ်ရခါးတို့အပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်လေ့ရှိပါတယ်…
အထူးသဖြင့် အင်အားငယ်ပြီး လူမျိုးရေးစိတ်ဓာတ်မပြင်းထန်တဲ့ လချိတ်နယ်မြေ(အထူးဒေသ ၁)၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ အခြားမျိုးနွယ်စုတွေ အများစုရှိတဲ့ ပူတာအို၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်ဒေသများကိုလည်း အရှိန်မြှင့် တိုက်ခိုက်လျက်ရှိပါတယ်…
ရှမ်းနီအများစုရှိတဲ့ ဗန်းမော်မြို့ကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပေမဲ့ မြို့ခံများက လက်မခံလို့ ထိခိုက်ကျဆုံးများနေသလို ရှမ်းနီများ ထိန်းချုပ်ထားတဲ့ မိုးညှင်း၊ မိုးကောင်းနဲ့ အင်းတော်ကြီးဒေသမှာ KIA အဖွဲ့ စစ်ရေးအရ လှုပ်ရှားမှုမလုပ်နိုင်ကြောင်း တွေ့ရှိရပါတယ်…
အထူးသဖြင့် မိုးညှင်း၊ မိုးကောင်းမှာရှိတဲ့ ရှမ်းနီများဟာ စိတ်ဓာတ်ပြင်းထန်သူများဖြစ်ပြီး KIA အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုများကို နားကြည်းနေကြလို့ သူတို့ရှမ်းနီလူမျိုးတွေ ကချင်ရိုးရာ အင်္ကျီ၊ လုံချည်ကို လုံးဝ မဝတ်ဖို့အထိ ပိတ်ပင်ဟန့်တားလျက်ရှိပါတယ်
ရှမ်းနီလူမျိုးတွေ တိုက်ခိုက်ခံရရင် မိုးကောင်း၊ မိုးညှင်း၊ အင်းတော်မှာရှိတဲ့ ကချင်ရပ်ကွက်၊ ကျေးရွာနဲ့ Churchကျောင်းကြီးတွေကို တိုက်ခိုက်ဖျက်ဆီးမယ်လို့ KIA အဖွဲ့ကို ရာဇသံပေးထားကြောင်း သိရှိရပါတယ်..
ဒါကြောင့် ကချင်ပြည်နယ်ဆိုပေမဲ့ ရှမ်းနီအများစုရှိတဲ့ ဧရာဝတီမြစ်အနောက်ဘက် ရထားသံလမ်းရိုး တစ်လျှောက်မှာတော့ KIA၊ KIO အဖွဲ့များ စစ်ရေးလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ကြောင်း သိရပါတယ်…
တိုက်ပွဲသတင်းစုံ