ရွှေဆိုင်ဓားပြတိုက်မှုတွေကိုကြည့်ရင် ဖြစ်စဉ်တိုင်းမှာ အချိန်တိုအတွင်း ထိထိရောက်ရောက် ဖမ်းဆီးနိုင်ခဲ့တာ ပြည်သူ့လုံခြုံရေးစနစ်ရဲ့ အားကောင်းလာမှုတစ်ခုပါပဲ။ အဓိကအချက်ကတော့ PDF တွေအနေနဲ့ ပြည်သူကထောက်ပံ့မှုလျော့နည်းသွားတာရယ်၊ ပြည်သူဆီကဆက်ကြေးတောင်းခံမှုအဆင်မပြေမှုတွေကြောင့် ရာဇဝတ်မှုတွေကျူးလွန်လာကြတယ်။
ရာဇဝတ်မှုတွေများလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အားကောင်းလာခဲ့တယ်။ ဓားပြမှုတွေမှာ PDF တွေရဲ့ခေါင်းစဉ်က လက်နက်/ခဲယမ်း/ရိက္ခာအတွက်ပေါ့။ တကယ်တမ်းတော့ ဓားပြတိုက်ရာဇဝတ်မှုကျူးလွန်ပြီးတော့ ကိုယ်ကျိုးအတွက် အသုံးချသွားကြတာပါပဲ။
အဖြစ်မှန်ကိုသုံးသပ်နိုင်ကြတဲ့ ပြည်သူလူထုက ပူးပေါင်းပါဝင်လာတော့ ရာဇဝတ်မှုတွေကို အချိန်တိုအတွင်း တပ်နဲ့ပြည်သူပူးပေါင်းပါဝင်ပြီး ဖော်ထုတ်အရေးယူနိုင်ခဲ့တဲ့ ရလဒ်ကောင်းတွေပေါ့။
နှင်းမောင်