လက်ရှိအချိန်ထိ ဗန်းမော်မြို့နယ်အား အကြမ်းဖက် KIA သူပုန်တွေရန်မှ ကာကွယ်၍ တပ်မတော်မှ ထိန်းချုပ် ထားလျက်ရှိပါတယ်။ ဗန်းမော်မြို့ပေါ်ရပ်ကွက်များနဲ့ မြို့နယ်ဝန်းကျင်တစ်ဝိုက်ရှိ ရန်သူခိုအောင်းနိုင်တဲ့ နေရာတွေကို စစ်ကြောင်းတွေက လိုက်လံရှင်းလင်းနေလို့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါတယ်။
တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကတော့ ဗန်းမော်မြို့နယ်၊ တာမိုင်းလုံရွာမှာရှိတဲ့ ဗန်းမော်တက္ကသိုလ် နေရာဖြစ်ပါတယ်။ အကြမ်းဖက် KIA ဟာ တက္ကသိုလ်အား အဝေးမှ လက်နက်ကြီးများနဲ့ ချောင်းမြောင်း ပစ်ခတ်သလို မကြာခဏ လာရောက်တိုက်ခိုက်တာလည်း ရှိပါတယ်။ လာရောက်တိုက်ခိုက်တဲ့အချိန်တိုင်း ဝန်းကျင်လှုပ်ရှားနေတဲ့ စစ်ကြောင်းတွေနဲ့ ထိတွေ့ပြီး အကြိမ်ကြိမ် လန်ကျဆုတ်ပြေးရပါတယ်။
မြို့ပေါ်ရပ်ကွက်များဖြစ်တဲ့ (၃)မိုင်၊ ရွှေပြည်သာ၊ ပေါက်ကုန်း၊ ညောင်ပင်၊ ရွှေကျီးနား ရပ်ကွက်များတွင် ရန်သူအဖွဲ့ငယ်များဖြင့် နယ်မြေရှင်းစစ်ကြောင်းများ ထိတွေ့မှုအနည်းငယ် ဖြစ်ပွားလေ့ရှိပြီး ပိုက်စိပ်တိုက် ရှင်းလင်းလျက်ရှိပါတယ်။ -အကြမ်းဖက်လုပ်ရပ်တွေကို တစိုက်မတ်မတ်လုပ်နေတဲ့ KIA အဖွဲ့ဟာ လစ်ရင် လစ်သလို မြစ်ကြီးနားမြို့ကိုလည်း ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။ ဒီ ၂၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ရေကြည်ရပ်ကွက်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံးကျခဲ့ပြီး ၉ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ရပါတယ်။-နောက်ဆုံးသိရတဲ့သတင်းအရ ဗန်းမော်၊ မံစီ တိုက်ပွဲများတွင် အကြမ်းဖက် KIA/PDF သေဆုံး/ ဒဏ်ရာရသူ ၁၆၀၀ ကျော်ရှိလာပြီး ရွာနီးချုပ်စပ်များမှာ လူသစ်ဆွဲခြင်း၊ အန္တရာယ်ကင်း ဆုတောင်းပွဲများ ပြုလုပ်ခြင်း စတာတွေကို ဖိအားပေးပြုလုပ်နေတယ်လို့ သိရပါတယ်။-ဗန်းမော် ဒေသခံတွေကလည်း အကြမ်းဖက် KIA တွေ ဝင်ရောက်လာတဲ့လမ်းကြောင်းတွေ၊ လှုပ်ရှားမှုသတင်း တွေကို နယ်မြေရှင်းစစ်ကြောင်းတွေထံ အမြဲမပြတ်ပေးပို့လျက်ရှိပြီး လုံခြုံရေးအဖွဲ့များကလည်း ရန်သူကို ပတ်ဆို့ရှင်းလင်းလျက်ရှိပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။-Fighting ပါ .. မြန်မာ့တပ်မတော်