သူငယ်ချင်းအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်လို့ တစ်ယောက်သေဆုံး

တောင်ဥက္ကလာပမြို့နယ်၊ (၁၄) ရပ်ကွက် မြင်သာ (၃) လမ်းမှာ သူငယ်ချင်းအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာက ဓါးခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး‌ ‌သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရပါတယ်။

အဲဒီဖြစ်စဥ်ဟာ ယမန်နေ့ ဒီဇင်ဘာ (၂၆) ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပြီး လက်ရှိမှာတော့ ဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ယမန်နေ့ (ဒီဇင်ဘာလ ၂၆ ရက်) ည ၉ နာရီအချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ ၂၆ ရပ်ကွက်၊ အမှတ် ၂ လမ်းမ၊ တံတားဖြူ ကားမှတ်တိုင်အနီးမှာ အမည်မသိအမျိုးသားတစ်ဦး သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့သေးတယ်လို့ ရန်ကုန်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *