ပူးသတ်သမားများနှင့် သတင်းတု/သတင်းမှားအန္တရာယ်

လတ်တလောတိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်အားပေးမီဒီယာများနှင့် အယောင်ဆောင်ပူးသတ်အဖွဲ့များအနေဖြင့် မိမိတပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖြစ်စဉ်များအပေါ်အခြေခံ၍ သတင်းအမြတ်ထုတ်‌ေရေးသား ဆောင်ရွက်လျက်ရှိနေပါတယ်။

အကြမ်းဖက်အားပေးမီဒီယားများအနေဖြင့် ဘယ်မြို့မှာရှိတဲ့ တပ်မတော်စခန်းများတော့ ကျသွားပြီ….တိုက်ပွဲအတွင်း တပ်မတော်ဘက်က ဘယ်လောက်သေသွားပြီးဆိုသည့် အကြောင်းအရာများကို အလွန်အကျွံဖော်ပြရေးသားဆောင်ရွက်နေကြသလို… သတင်းတု/လုပ်ကြံသတင်းများဖြင့်လည်း စိတ်ဓာတ်ရေးရာထိုးနှက်တိုက်ခိုက်ပြီး ရေးသားဖော်ပြနေမှုကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရတယ်။

ပူးသတ်များအနေဖြင့် မိမိစစ်သတင်းများကို တင်ဆက်ပေးသယောင်ရေးသားခြင်း၊ သတင်းများအတွင်းမှ တပ်မတော်သား စိတ်ဓာတ်ကျဆင်းစေမည့်သတင်းများ ကြားညှပ်ရေးသာခြင်း၊ အားမလို အားမရမခံချင်သည့် သဘောမျိုးဖြင့် တပ်မတော်သားများ၏ ကျဆုံးမှုများဖော်ပြခြင်း၊ ထိခိုက်ကျဆုံးမှုများကို အရေအတွက်ပိုမိုများပြားစွာဖော်ပြခြင်း၊ တပ်မတော်အကြီးအကဲများကို ပုတ်ခတ်ရေးသားသည့်စာများ ရေးသားခြင်း၊ တပ်ဖွဲ့ဝင်အချင်းချင်းစည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် အကြောင်းအရာများ ရေးသားခြင်းများကို ဆောင်ရွက်လျက်ရှိတာမို့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။

သတင်းတု/သတင်းမှားများနှင့် ပူးသတ်အန္တရာယ်မှ ကင်းဝေးကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *