ဒီဇင်ဘာလ (၁၂)ရက် နေ့က မိတ္ထီလာမြိုနယ်နှင့် နွားထိုးကြီးမြိုနယ်အစပ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၉) (၆)ဖာလုံနှင့် (၇)ဖာလုံကြားရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို ဒီဇင်ဘာလ (၁၂)ရက် မွန်းလွဲ (၃:၂၀) အချိန် ခန့်က စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၇၀)ခန့်မှ ဒရုန်းဖြင့် ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့။
အဆိုပါ တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနှင့် လက်နက်၊ အဆောက်အဦးများလည်း ထိခိုက်ဆုံးရှုးမှု မရှိခဲ့ကြောင်း သိရ။ #crd