အဂတိမှရရှိလာသည့် ငွေကြေးများအား ပြည်သူ့ဘဏ္ဍာအဖြစ် ဥပဒေနှင့်အညီ သိမ်းဆည်းမည်

အဂတိလိုက်စားမှုကြောင့်ရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအား ဥပဒေနှင့်အညီတိတိကျကျဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုကြောင့်ရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအား ဥပဒေနှင့်အညီတိတိကျကျဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၉ ရက်နံနက်ပိုင်းကကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုကြောင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် အတိအကျထည့်သွင်းပြဋ္ဌာန်းထားသည်ဟု သိရသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *