အကြမ်းဖက်မှုသတင်း/ မှုခင်းသတင်းများ

-ဒီဇင်ဘာလ ၈ ရက်နေ့ ၀၈၀၀ နာရီတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သော ဦးကျော်ဝင်း(၄၂)နှစ်သည် မိသားနှင့်အတူ နေအိမ်၌ရှိနေစဉ် သေနတ်များကိုင်ဆောင်ထားသော PDF အကြမ်းဖက်အဖွဲ့ အင်အား ၇ ဦးသည် Alphard(ခဲရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဦးကျော်ဝင်းအား ၎င်း၏နေအိမ်ရှိ ဆိုင်ကယ် ၁ စီးနှင့်အတူ မုံရွာမြို့နယ်၊ အက်တောကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-ဒီဇင်ဘာလ ၈ ရက်နေ့ ၀၉၄၅ နာရီတွင် ညောင်ဦးမြို့နယ်၊ မီးလောင်ပြားကျေးရွာရှိ “ဒေါ်မေရီမြင့်” စက်သုံးဆီ အရောင်းဆိုင်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမောင်လတ်(၆၅)နှစ်သည် ဆိုင်အတွင်း၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ အင်အား ၇ ဦးခန့် ရောက်ရှိလာပြီး ငွေကျပ်သိန်း ၅၀၀ အား ယူဆောင်၍ တစ်လလျှင် ငွေကျပ်သိန်း ၂၀ နှုန်းဖြင့် ၁၀ နှစ်စာပေးရန် တောင်းခံခဲ့ပြီး မပေးနိုင်ပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဦးမောင်လတ်အား ဆိုင်အတွင်း၌ ကြိုးချည်ထားခဲ့ပြီး ပြန်လည်ထွက်ခွာသွားစဉ် ဆိုင်ရှေ့တွင် ရှိနေသည့် ဦးမောင်လတ်၏ ဇနီးဖြစ်သူ ဒေါ်ရီရီမြင့်(၆၁)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်ချောစု(၄၅)နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဒေါ်ရီရီမြင့်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာ၊ ဒေါ်ချောစုတွင် မေးရိုးကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

– ဒီဇင်ဘာလ ၈ ရက်နေ့ ၁၃၅၀ နာရီတွင် ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စု၊ ကံရွာကျေးရွာနေ ဦးစန်းနိုင်(၅၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသော အကြမ်းဖက် PDF ကျား ၄ ဦး ရောက်ရှိလာပြီး ဦးစန်းနိုင်အား ကံရွာ ကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးစန်းနိုင်တွင် လည်ပင်း၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

– ဒီဇင်ဘာလ ၈ ရက်နေ့ ၀၇၄၅ နာရီတွင် သဲကုန်းမြို့နယ်၊ ကွေ့တက်ကျေးရွာအုပ်စု၊ နွယ်ကောက်ကျေးရွာနေ ဦးအေးထွန်း (၆၃)နှစ်သည် ကျေးရွာအနီးရှိ ဒေသအခေါ် ဦးဖိုးကန်ဆည်အနီးရှိ တောင်ယာတဲ၌ရှိနေစဉ် PDF အကြမ်းဖက် အဖွဲ့ဝင် ၄ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးအေးထွန်းတွင် ဝဲနားထင်၊ ဝဲမျက်ခုံး၊ ဝဲလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *