ဒီဇင်ဘာ ၉ ရက်(ယနေ့) မနက်ပိုင်းက ဗန်းမော်မြို့နယ်၊ ကာမိုင်းလုံရွာအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KIA သူပုန်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA အလောင်း ၁ လောင်း
(၂) သေနတ် ၃ လက်
- M-79 လောင်ချာ ၁ လက်
- KA-25 သေနတ် ၁ လက်
- KA-25 40 mm လောင်ချာတွဲ သေနတ် ၁ လက်
(၃) ဗုံးသီး/ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။