ဒီဇင်ဘာ ၇ ရက်နေ့က ဗန်းမော်မြို့နယ်ရှိ ဗန်းမော်တက္ကသိုလ်သို့ အကြမ်းဖက် KIA ၁၀၀ ဦးခန့် လာရောက်တိုက်ခိုက်လို့ လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရန်သူသည်အလောင်းများ ဆွဲ၍ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) သေနတ်မျိုးစုံ ၅ လက်
- တရုတ်စက်လက် ၁ လက်
- M-22 သေနတ် ၂ လက်
- 40 mm လောင်ချာ ၂ လက်
(၂) ဗုံးသီး/ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။