သူရဘွဲ့ရ ဗျူဟာမှူး ဗိုလ်မှူးကြီးဦးဆောင်တဲ့ အနန်းကွင်းစခန်းဆိုတာ အရင်အချိန်ကတည်းကစပြီး အကြမ်းဖက် KNU/PDF များကို ကြံ့ကြံ့ခံ ခုခံတွန်းလှန်တိုက်ခိုက်နေတာဟာ ၁ နှစ်ကျော် ၂ နှစ်နီးပါးရှိပါပြီ..
အကြမ်းဖက် KNU/PDF တွေ အနေနဲ့ ဘယ်လိုပဲအင်အားသုံးသုံး၊ ဘယ်လိုနည်းနဲ့ပဲ တိုက်တိုက်၊ အခုချိန်ထိ အချည်းအနှီးသာပါပဲ..
ဗျူဟာမှူးစီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ စစ်သည်တွေရဲ့ စိတ်ဓာတ်တွေကြောင့် အကြမ်းဖက်သမားများ ရှေ့တိုးမရပဲ ထိခိုက်ကျဆုံးများစွာနဲ့ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်..အကြမ်းဖက်သမား ကျဆုံးမှုတွေထဲမှာ PDF တွေ အသေအပျောက်များနေတယ်လို့လည်း သိရပါတယ်..
အတွင်းသတင်းအရ..
“ကျွန်တော်တို့(PDF)တွေ အနန်းကွင်းကို တိုက်နေတာ နှစ်ချီနေပြီ..ခေါင်းဆောင်လုပ်တဲ့သူက တခါလာလည်း ဘုန်းကြီးကျောင်းဘက်က ဝင်ပါ၊ တခါလာလည်း စာသင်ကျောင်းဘက် ကပ်ပါပဲ ပြောနေတယ်၊ သူတို့ကျတော့ ချောင်းနားကနေ command ပေးနေတာ၊ မြေပြင်အခြေအနေကို သူတို့မသိဘူး၊ စစ်တိုက်နေတဲ့ ကျွန်တော်တို့ပဲ သိတာ၊ စစ်တပ်က သူပြောတဲ့ နေရာ ၂ ခုမှာ ကျွန်တော်တို့ကို ဒုက္ခပေးနေတာဗျ၊ သေတဲ့သူလည်း မနည်းတော့ဘူး၊ စိတ်ဓာတ်တွေလည်း ကျနေပြီ၊ အဲ့ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့တတွေ သူတို့ခိုင်းတဲ့အတိုင်း စခန်းနား မကပ်တော့ဘူး၊ အဝေးကပစ်တယ်၊ Drone နဲ့ ချတယ်၊ ဒီလောက်ပဲ လုပ်နိုင်တော့တယ်”လို့ အနန်းကွင်းစခန်းအား ကာလရှည်ကြာစွာ တိုက်ခိုက်နေရသောကြောင့် PDF များ စိတ်ဓာတ်ကျ စိတ်ပျက်နေကြကြောင်း အတွင်းသတင်းပေး PDF တစ်ဦးထံမှ သိရပါတယ်..
Crd//