ဒီဇင်ဘာ ၁ ရက် (ယနေ့) နေ့လည် ၂ နာရီကျော်ခန့်က သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ ရဲစခန်းအတွင်းတွင် ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက် TNLA အဖွဲ့အား စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် TNLA များဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်အတွင်း မိမိဘက် ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့်
(၄) ကျည်ကာဦးထုပ် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။


