နိုဝင်ဘာ ၂၈ ရက်နေ့တွင် အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူအချို့၏ သတင်းပေးချက်အရ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ ညောင်ရင်းရွာလမ်းခွဲအနီး၌ အကြမ်းဖက် ၂ ဦးရောက်ရှိနေကြောင်း သတင်းအတိအကျရ၍ သွားရောက်ရှင်းလင်းစဉ် ၎င်းနေရာသို့အရောက် အကြမ်းဖက် ၂ ဦးက လက်ပစ်ဗုံး ၁ လုံးပစ်ပေါက်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဖြစ်စဉ်အတွင်းမှ-
အကြမ်းဖက်အလောင်း- ၂ လောင်း
လက်ပစ်ဗုံး -၁ လုံး
လက်လုပ်မိုင်း- ၁ လုံး
လက်လုပ်မိုင်းခလုတ်- ၄ ခု
ဝါယာကြိုး -၅၀ ပေခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။