ချင်းမိုင်းမှာ ကျားဖြန့်ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းမိုင်မြို့ထဲက ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းရပ်ကွက်တွေထဲက နေရာတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့က ဝင်ရောက်ရှာဖွေရာမှာ ကြီးမားကျယ်ပြန့်တဲ့ ကျားဖြန့်ဂိုဏ်းကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ဝင်ရောက်စီးနင်းရှာဖွေရာမှာ ထိုင်းနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား ငါးဦးနဲ့ မြန်မာနိုင်ငံသား ရှစ်ဦး စုစုပေါင်း ၁၅ ဦးကို ဖုန်းကတ် ၅၉၀,၀၀၀ ပါ ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ကတ် Reader ၄၇ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ငွေလိမ်ဂိုဏ်းမှာ ထိုင်းနဲ့ တရုတ် ချိတ်ဆက်နေတဲ့ ကွန်ရက်ကြီးတစ်ခုဖြစ်တယ်လို့ သိရပြီး လက်ရှိဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးထဲက အသက် ၃၀ အရွယ် အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူမှာ လူမှုကွန်ရက် အကောင့်အတုတွေနဲ့ မိုဘိုင်းဖုန်းတွေကို လုံခြုံရေးကာကွယ်ပေးတဲ့ စက်ပစ္စည်းတွေကိုလည်း ဝယ်ယူပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *