(အမ်းမြို့)
အမ်းမြို့အနောက်တောင်ဘက် မီတာ ၅၁၀၀ ခန့်အကွာရှိ ဆက်သွယ်ရေးတပ်နှင့် တိုင်းရုံးအနောက်ဘက် မီတာ (၁၀၀၀)ကျော်အကွာရှိ ဆင်တိုးရွာနှင့် ရွာအနီးစိုးမိုးကုန်းများတွင် ဖြန့်ခွဲလုံခြံရေးယူနေသည့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲ၍ နံနက်ပိုင်း ၁၀ နာရီခန့်က လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်/ Drone/ လက်နက်ကြီး ပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများအား ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း ၈ နာရီခွဲအချိန်ခန့်က ဆောက်လုပ်ရေးတပ်ခွဲပတ်ချာလည်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအား AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲ၍ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်/ Drone/ လက်နက်ကြီး ပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများအား ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်းနှင့် ယနေ့နေ့လည်ပိုင်းက အမ်းမြို့သို့ ရဟတ်ယာဉ်များဖြင့် စစ်ကူစစ်ကြောင်းများ ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
AA သောင်းကျန်းသူများမှ အဖွဲ့ငယ်များခွဲကာ နံနက် ၆ အချိန်ခန့်က ၃၄၆ တပ်အရှေ့တောင်ဘက် ဖုံညိုတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား နေရာ (၂)နေရာမှနေ၍ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက်ပိုင်း ၆ နာရီခန့်မှစ၍ စကခ ၅ ရိပ်သာကြီးကုန်းအား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်စစ်ကြောင်းမှ လေကြောင်းပစ်ကူ၊ Drone/လက်နက်ကြီးပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ခဲ့ရာ ည ၇ နာရီခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ နံနက်ပိုင်း ၆ နာရီခွဲ အချိန်ခန့်က ၃၄၆ တပ် အရာရှိရိပ်သာအား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၅)နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က ၃၄၆ တပ် အရှေ့ဘက်ရှိ ဆက်သွယ်ရေးကုန်းအား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၁၀) နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
(မောင်တော)
မောင်တောဒေသ၌ စစ်ရေးရှုံးနိမ့်မှုများဖြစ်ပေါ်နေသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် ယနေ့၌ လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိသော်လည်း အဝေးမှနေ၍ ကြိုကြားကြိုကြား ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu