နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွှတ်ရှမ်းအုပ်စုအနီးနယ် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် KNLA တပ်မဟာ(၆)၊ ရင်း (၁၆)နှင့် အကြမ်းဖက်သမား ပူးပေါင်းအင်အား ၂၀ ဦးခန့်နှင့်ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများသဖြင့်အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ချပ်လိုက်လံရှင်းလင်းရာ ရန်သူ့ထံမှ
(၁) အကြမ်းဖက် အလောင်း ၂လောင်း
(၂) ISUZU D Max ယာဉ် – ၂ စီး
(၃) ပစ်ကျင်း ၁၅ ကျင်းနှင့် ယာယီတဲများအား သိမ်းဆည်းရရှိခဲ့ပြီး မိမိဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
