မြိတ်မြို့၊ ဆိပ်ငယ်ဘောတံတားအနီးတွင် ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့၊ တလိုင်းစုရပ်ကွက် ၊ ဆိပ်ငယ်ဘောတံတားအနီးတွင် ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်လျက်ရှိသည်ဟုဆိုသည်။

လက်ရှိတွင် ၇ နာရီခွဲအချိန်၌ မီးထိန်းနိုင်ခဲ့သည်ဟုသိရပြီး မီးလောင်ရသည့်အကြောင်းရင်းအပါအဝင် ဖြစ်စဥ်အသေးစိတ်ကို စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မည်ဟု သိရသည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *