တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ ခန့်မှန်းခြေတန်ချိန် ၁,၀၀၀ ကျော်ရှိသည့် ကြီးမားသောရွှေသိုက်တစ်ခုကို တွေ့ရှိခဲ့ရကြောင်း ဟူနန်ပြည်နယ် ဘူမိဗေဒဗျူရိုကပြောကြားခဲ့သည်။
ပင်ဂျန်ကောင်တီရှိ ဝမ်ဂူရွှေလုပ်ကွက်အောက် အနက် မီတာ ၂,၀၀၀ တွင် ရွှေတန်ချိန် ၃၀၀ ခန့်ရှိသည့် ရွှေကြော ၄၀ ကျော်ကို ဘူမိဗေဒပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗျူရို၏ပြောကြားချက်အရသိရသည်။ အနက် မီတာ ၃,၀၀၀ အတွင်းရှိ ရွှေကြောနေရာသည် တန်ချိန် ၁,၀၀၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် ယွမ် ၆၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၃ ဘီလျံခန့်) ဖြစ်သည်ဟုလည်းသိရသည်။
ကမ္ဘာ့ရွှေကောင်စီ၏ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ ရွှေအများဆုံးထွက်ရှိထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရွှေထွက်ရှိမှုစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအထိရှိခဲ့သည်ဟုလည်းသိရသည်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ ဘီလျံနှင့်ချီတန်သည့် ရွှေသိုက်တစ်ခုတွေ့ရှိ
