အမ်းတိုက်ပွဲအခြေအနေ

                   AA နဲ့ PDF တို့ဟာ အမ်းကို သိမ်းပိုက်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးစားနေကြတာ အားလုံး အသိပါပဲ ။ 20 – 11 – 2024. ည ၁၀ နာရီခန့်မှာ တပ်မ ၈၈ နဲ့ အထူးဒရုန်းစစ်ဆင်ရေး တပ်ဖွဲ့တွေဟာ အင်အားများစွာနဲ့ ရောက်ရှိ အခြေပြုနိုင်ခဲ့ပါတယ် ။

                အမ်း စစ်ဌာနချုပ် မျက်နှာမူရာ အရပ်တွေမှာ အမြှောက်ပြောင်းဝ လှည့်ပြီး အသင့်ဖြစ်နေသလို ရန်သူပုန်းအောင်နိုင်မယ့် တောင်ကုန်းတဖက်ခြမ်း လျှိုခြောက်များမှာလည်း အထူးဒရုန်းတပ်ဖွဲ့က စောင့်ကြို ပြင်ဆင်ထားကြပါတယ် ။

           အားလုံးအဆင်သင့် ဖြစ်ပြီလို့ အချက်ပြချိန်မှာ MIG 29 တွေ နဲ့ လေကြောင်းထိုးစစ်စတင်ပါတယ် ။ ခေါင်းပေါ်က လေယာဥ်ကြောက်လို့ တောင်ကုန်းရဲ့ ရှေ့နောက်ဆီ ဆင်းပြေးလာသမျှကို အမြှောက်တပ်က တမျိုး ၊ အထူး ဒရုန်းတပ်က တဖုံ ညှပ်ပြီး တချိန်တည်း ချေမှုံးကြပါတယ် ။

               AA DB တွေဟာ ယနေ့ဆိုရင် ထောင်ချီနေပါပြီ ။ အလော်လွန်တဲ့ အပေါစား စစ်သတင်းတွေ နဲ့ တူနေမှာစိုးလို့ ထောင်ချီဆိုတဲ့ အသုံးအနှုံးကို မယုတ်မလွန် သုံးစွဲခဲ့ရတာပါ ။ DB တွေကို ထောက်လှမ်းရေး ဒရုန်းများမှ တွေ့မြင်ရသလောက် စာရင်းပြုစုထားတာလို့ သိရပါတယ် ။ 

               အမ်း နဲ့ ပဒါန်းကို ဖြတ်တောက်ဖို့ဆိုပြီး ဗုန်းဗောဆိုတဲ့ သစ်ခိုးလမ်းကြောင်းပေါ်က ရွာလေးမှာ PDF 50 ခန့် အခြေပြုနေကြပါတယ် ။ ယနေ့ အမ်း စစ်မျက်နှာပြင်မှ ထွက်ပြေးလာသော PDF တို့လည်း ယင်း ဗုန်းဗောရွာမှာ ပေါင်းစည်းမိပြီး အင်အား 200 ခန့် စုမိသွားပါတယ် ။

               ထောက်လှမ်းရေးဒရုန်းကြောင့် သိလိုက်ရတဲ့ PDF စုဖွဲ့တည်နေရာ ဗုန်းဗောရွာကို တပ်မတော်မှ အမြှောက်နဲ့ ပစ်ခတ်ဦးနှိမ်နေပြီး မြေပြင်မှစစ်သည်များလည်း ချေမှုံးရေးဝင်နေကြရာ ယခု ( 23 – 11 – 2024. နေ့လည် 12 နာရီ ထိ)  တိုက်ပွဲ ပြင်းထန်နေပါတယ် ။ ရလာဒ် မသိရသေးပါဘူး ။

                    တပ်မတော်မှ အမ်း အတွက် စုဖွဲ့ထားပြီးဖြစ်တဲ့ အင်အားဖြည့် တပ်များစွာဟာလည်း အခြေပြုဗျူဟာကနေ အုတ်ပုံစီထားရင်း အားမွေးနေကြတာ အသင့်ဖြစ်နေပါပြီ ။ အမ်း စစ်မျက်နှာပြင်အတွက် ဆိုင်ရာ တပ်မင်းကြီးများအား အထူးအာဏာကုန် လွဲအပ်ထားကြောင်း ကြားသိရပါတယ် ။

          ကိုရွှေမျိုးဝင်း

Leave a Reply

Your email address will not be published. Required fields are marked *