၂၀၀၉ ခုနှစ် စက်တင်ဘာမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ရဲ့ နေအိမ်ခြံဝန်းအတွင်းက ဘိန်းဖြူ ၁၃၀ ဂရမ်၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အက်စစ်အရည် ၁၄၉ ဂါလံနဲ့ ၂၀၀၉ ခုနှစ်၊ ဩဂုတ္လမွာ ဖုန်တာရွှင်ပိုင်တဲ့ ခြံဝန်းတစ်ခုထဲမှာ ဆောက်လုပ်ထားတဲ့ လက်နက်စက်ရုံနဲ့အတူ စိတ်ကြွဆေးထုတ်တဲ့ Acetone ၃၄၀ ကီလိုဂရမ်၊ အက်စစ် ၂၀၀ ဂါလံတို့ကို ဖမ်းဆီးရမိလို့ အဲ့ဒီအချိန်က နယကအစိုးရက တရားခံပြေး မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ၆၀/၂၀၀၉ နဲ့ ၆၉/၂၀၀၉ တို့ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပြီး နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များကို ဖြန့်ဝေခဲ့ပါတယ်
ဖုန်တာရွှင်ဦးစီး MNDAA အဖွဲ့ဟာ မူးယစ်ဆေးဝါး(စိတ်ကြွဆေး) ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေလုပ်နေတာကို အထောက်အထားခိုင်လုံတဲ့အတွက် အမေရိကန်နိုင်ငံ Drug Enforcement Administration (DEA) က အရှေ့ဖျားဒေသနိုင်ငံများအလိုရှိ ပစ်မှတ်တရားခံစာအုပ်များ(Far East Region Target Lists) တွင် ထည့်သွင်းထားရှိပါတယ်
ဒါကြောင့် ကျန်းမာရေးအကြောင်းပြပြီး ယူနန်ပြည်နယ်ထဲမှာ ဖုန်တာရွှင်ကို အကျယ်ချုပ် ထိန်းထားတယ်လို့ အနောက်ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေကစတင်ပြီး သတင်းတွေ ထွက်ပေါ် လာတာ သွေးရိုးသားရိုးမဟုတ်ပါဘူး
မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဖုန်တာရွှင်ဟာ ၂၀၁၀ ပြည့်နှစ်တွေနောက်ပိုင်း တရုတ်- မြန်မာနယ်စပ်ဒေသမှာ တိမ်းရှောင် ပုန်းအောင်း အင်အားစုဖွဲ့ နေခဲ့ပြီး ၂၀၁၇ မှာ ကိုးကန့်ဒေသကို ပြန်လည်တိုက်ကွက်ဖော်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် NUG နဲ့ ထိုင်ဝမ်တရုတ်တွေရဲ့ ချိတ်ဆက်လာမှုတွေကို လက်ခံပြီး နစက အစိုးရကို KIA ၊ AA ၊ TNLA တို့နှင့်အတူ
ပြန်လည်တိုက်ခိုက်ရာမှာတော့ သိသိသာသာ အမေရိကန်ဘက် ယိမ်းခဲ့ပါတယ်။
NUG ကတစ်ဆင့် အမေရိကန် CIA နဲ့ ချိတ်ဆက်မှု၊ ပေါက်ဖော်ကြီးရဲ့ အမိန်မနာခံမှုတွေကြောင့် မူးယစ်ရာဇာအဖြစ် ကမ္ဘာသိသတ်မှတ်ခံထားရတဲ့ လက်နက်ကိုင်အုပ်စုခေါင်းဆောင်ကို တရုတ်ကြီး ဘယ်လို ကစားကွက်သုံးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ…
ခင်ညိုချော