-နိုဝင်ဘာ ၁၉ ရက်နေ့ ၀၉၂၀ နာရီတွင် တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာသစ်ကျေးရွာတွင်နေထိုင်သော ကျော်မင်းထူးနှင့် အပါ ၆ ဦးတို့သည် ကျေးရွာ၏အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ကြက်သွန်ခင်းအား ရေသွင်း၍ ကျေးရွာသို့ပြန်လာစဉ် ကျေးရွာသုဿာန်အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျော်မင်းထူး(၅၀)နှစ်တွင် မျက်နှာကျည်ဖောက်ဝင်ဒဏ်ရာ၊ သိန်းကိုကို(၂၁)နှစ်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ပြီး အောင်ကျော်တင့်(၅၁)နှစ်တွင် နောက်ကျော၊ ဝဲလက်မောင်းကျည်ရှပ်မှန်ဒဏ်ရာ၊ တင်ကိုဇော်(၂၄)နှစ်တွင် ဝဲ/ယာ ပေါင်ကျည် ထိမှန်ဒဏ်ရာ၊ စန်းစန်းဦး(၃၁)နှစ်တွင် ဝဲခြေသလုံးကျည်ထိမှန်ဒဏ်ရာ၊ ချစ်မြတ်နိုး (၁၀)နှစ်တွင် ဝဲခြေဖမိုးကျည်ရှပ်မှန်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရှိရ။
-နိုဝင်ဘာ ၁၉ က်နေ့ ၀၉၀၀ နာရီတွင် မင်းလှမြို့နယ်၊ ဖြူကွင်းကျေးရွာတွင်နေထိုင်သော ဦးခင်မောင်လွင်(ခ)အာကြီး(၅၅)နှစ် သည် မင်းလှမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဆင်အိုင်ချောင်းနားကျေးရွာနှင့် တာကျိုးကျေးရွာကြား အရောက်၌ အသင့်စောင့်ဆိုင်းနေသည့် PDF အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခင်မောင်လွင်(ခ)အာကြီးတွင် ယာနားထင်၊ နောက်ကျော၊ ဝဲလက်ပြင်၊ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။