မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်း၌ လှမင်းထွန်း မောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုးနှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့် တို့ လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြိုနယ်၊ လိပ်ကုန်းကျေးရွာနေ ဖမ်းဆီးရမိယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူးနှင့် ဇနီး မမိုးစံပယ် တို၏ အစီအမံဖြင့် တောင်ကြီးမြိုနယ်၊ အေးသာယာမြိုမှ ရန်ကုန်တိုင်းဒေသကြီးသို သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖမ်းမိတရားခံများက ထွက်ဆိုထားသည်ဟုဆိုသည်။
crd/
