နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ မထောစခန်းနှင့် အင်ကုန်းကာကင်းများသို့ ရန်သူအင်အား(စိစစ်ဆဲအဖွဲ့က) ဒရုန်း ၂ စီးဖြင့် (၅) ကြိမ် Drop Bomb ဖြုတ်ချတိုက်ခိုက်၍ လည်းကောင်း KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး/ငယ် များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ရန်သူအား ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ-
ရန်သူ့ Drone ၁ စီး
အမ်(၄) ၁ လက်
ကျည်အိမ် ၁ ခု
ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရသည်။