မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာသို နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၂ နေရာမှ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြတ်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထပ်မံ၍ သပိတ်ကျင်းမြို့ နယ်မြေခံတပ်ရင်းအနီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အကြမ်းဖက် ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖြစ်စဉ်အတွင်း အကြမ်းဖက်သမားများထံမှ-
RPG ၁ လက်
RPG ဒုံးသီး ၅ လုံး
ကျည်အိမ် ၁ ခု
ကျည် ၁၆၂ တောင့်
မိုင်း ၃ လုံး
လက်ပစ်ဗုံး ၂ လုံး
လျှပ်စစ်စနက်တံ ၂၉ ချောင်း
အီကွေးမန့် ၅ ခု
သံကျည်ကာပြား ၂ ပြား သိမ်းဆည်းရမိခဲ့ပြီး မိမိထိခိုက်မှုမရှိကြောင်း သိရသည်။