ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၇/၁၁/၂၀၂၄ ရက် ညပိုင်း ၉ နာရီ အချိန်အထိ)

(အမ်း)
  နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းမှ ယနေ့နံနက်ပိုင်း ၆ နာရီအချိန်ခန့်မှစ၍ အမ်းမြို့အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ပဲပဒုံစခန်းအား လေကြောင်းပစ်ကူ၊ Drone ပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ယနေ့ ညနေ ၄ နာရီအချိန်တွင် ပဲပဒုံစုပေါင်းစစ်ဆေးရေးဂိတ်နေရာနှင့် လုံခြုံရေးစခန်းအား ပြန်လည်သိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်စစ်ကူစစ်ကြောင်းများမှ နယ်မြေခံထောက်ပို့တပ်အနီး ရောက်ရှိနေသည့် သောင်းကျန်းသူများအား လေကြောင်းပစ်ကူ၊ Drone ပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ တိုက်ခိုက် ရှင်းလင်းခဲ့ရာ တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့်  နယ်မြေခံအမြောက်တပ်နှင့် စနခ(၃၄၅) အနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းများအနေဖြင့် သောင်းကျန်းသူများအား ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ဆင်ဒိုးရွာအနီး၌ ညနေ ၅ နာရီခန့်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(တောင်ကုတ်)
  ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန့်ခန့်က တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့်နေရာအား AA သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက် ခဲ့သောကြောင့် တပ်မတော်သားများမှ လေကြောင်း/လက်နက်ကြီးပစ်ကူများရယူလျက် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သဖြင့်  (၂)နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တော)
  ယနေ့နံနက်ပိုင် ၁၀ နာရီအချိန်ခန့်က နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ည ၈ နာရီခွဲအချိန်ခန့်တွင် နှစ်ဖက်အပစ်ရပ်ကာ အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

crd

Leave a Reply

Your email address will not be published. Required fields are marked *