တရားမဝင် ဝင်ရောက်လာသူတွေ အထုပ်အပိုးပြင်ထားဖို့ ဒုသမ္မတ ဖြစ်လာမယ့် ဗန့် ပြောပြီ

ဒုသမ္မတ ဖြစ်လာမယ့် ဗန့်က ပြောလိုက်ပါပြီ။ (၆) လအတွင်းက တရားမဝင် ဝင်ရောက်လာသူတွေ အထုပ်အပိုးပြင်ထားတော့တဲ့နော်။

ခိုးလှုံနေတဲ့သူတွေလဲ အချိုးမပြင်ရင်၊ ရာဇဝတ် ပြစ်မှု ကျူးလွန်ရင်  ပြန်လွှတ်လိမ့်မယ်။ ဒီမိုကရက်တွေက ခိုလှုံခွင့်ပေးထားပြီး နိုင်ငံသားဖြစ်လာမယ့်သူတွေကို ထရမ့်တို့က မျက်စိ ဆံပင်မွှေးစူးနေပါတယ်။ ခိုလှုံခွင့်ပေးထားသူတွေ နိုင်ငံသား ဖြစ်လာပြီး ဒီမိုကရက်ပါတီကို မဲပေးမှာကို ချေမှုန်းချင်နေကြပါတယ်။ ထရမ့်လက်ထက်မှာ အပြီးချေမှုန်းပါလိမ့်မယ်။ ရိုးရိုးတော့ ချေမှုန်းလို့မရဘူး။ ရာဇဝတ်ပြစ်မှု ကျူးလွန်နေကြောင်း မှတ်တမ်းသက်သေပြနိုင်ရပါမယ်။

ပန်ဆယ်လိုတို့ မိသားစုတွေ မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံဆာ်စေခိုင်းနေတာကို ထရမ့်တို့ပါတီက သိအောင် လုပ်နိုင်ရင် အပျံမ အမေရိကားကနေ ပြေးရပါလိမ့်မယ်။ ကျော်မိုးထွန်း နဲ့ NUG ဝန်ကြီး မိသားစုတွေလဲ ပါဝင်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အမေရိကားမှာ ခိုလှုံနေသူတွေ မြန်မာပြည်က ပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံဆော်နေကြောင်း သက်သေများနဲ့ သတင်းပေးတိုင်ကြားနိုင်အောင် ကြိုးစားသင့်ပါတယ်။

CRD//