နွေဦးတော်လှန်ရေးမှသည် ကိုယ်ပိုင်စီးပွားရေးဆီသို့ လှမ်းချီလာကြတာ တော်တော်ကြီးကို ခရီးပေါက်လာခဲ့ပါပြီ။ တော်လှန်အလှူငွေမှသည် ယန်းကီးဌာနေရောက် စတိုးဆိုင်ကြီးတွေ၊ စမာကလာ အသင့်စားဝက်သားခြောက် လုပ်ငန်းတွေ၊ တပ်ထဲမှာမွေး တပ်ရိက္ခာပဲဟင်းနဲ့ ကြီးပြင်းလာပြီး တပ်မတော်ကို ဆန့်ကျင်နေတဲ့ မောင်ဇွဲရဲ့ တော်လှန်ရေးသမားမှန်းမသိ Food blogger မှန်းမသဲကွဲတော့တဲ့ လူတွေ။
နောက်ဆုံးမှာတော့ ကိုယ်ကျိုးကိုပဲကြည့်သွားကြတာ မငြင်းနိုင်လောက်အောင် တွေ့မြင်ကြရမှာပါ။ မြန်မာနိုင်ငံ အတွင်းက EAOs တွေရဲ့ ရှေ့တန်းကျကျ စတေးခံနေကြတဲ့ ပဒက်လူငယ်တွေ၊ တော်လှန်ရန်ပုံငွေ လှူနေကြတဲ့လူတွေ မသိကြတာလား? မြင်နိုင်ကြတာလား? EAO ဆိုတာ သူတို့ အကျိုးစီးပွားအတွက်ပဲ လုပ်ကြတာပါ။ မကြာသေးမီအချိန်က ဖုန်သော/င်းကျ/န်းသူ(MNDAA) တွေ ထုတ်ပြန်ချက်မှာပဲကြည့်လိုက်ပါ သိနိုင် မြင်နိုင်ပါတယ်။
ပြည်ပနိုင်ငံရောက် တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးစီးပွားကို လုပ်ဆောင်သွားကြသူတွေကို မြင်အောင် ကြည့်ကြပါ၊ ကြားအောင် နားထောင်ကြပါ၊ မ”အ”ကြပါနဲ့ နိုင်ငံချစ်စိတ်ကို တော်လှန်ရေးအမည်ပြောင်းလို့ နှစ်ကျပ်ကွက်နင်းပြီး ကိုယ်ကျိုးရှာသွားကြတာကို သိမြင်ကြချိန်တန်ပါပြီ။