မြန်မာနိုင်ငံမှာ ရုရှား-မြန်မာစီးပွားရေးကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းဖို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁)မှာ တွေ့ဆုံခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian – Myanmar Business Council-RMBC)ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံမှုအတွင်းမှာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေနဲ့ လုပ်ငန်းစဉ်တွေအပြင် နှစ်နိုင်ငံနယ်ပယ်စုံမှာ စီးပွားရေးလုပ်ငန်းတွေ အချင်းချင်း တိုက်ရိုက်အဆက်အသွယ်တွေ ထူထောင်ဖို့ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။