အောက်တိုဘာ ၂၇ ရက်နေ့ ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

(၂၇/၁၀/၂၀၂၄ ရက်နေ့ နံနက်ပိုင် ၆ နာရီမှ ညပိုင်း ၉ နာရီအချိန်ထိ)

( အမ်း)
ယနေ့နံနက်ပိုင်း ၆ နာရီခန့်က စရတ တပ် အရှေ့ဘက်သို့ ဆေးကြောင်ကြောင်ပြီး ဝင်ရောက်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား တပ်စစ်ကြောင်းမှ လက်နက်ကြီး/ ဒရုန်း ပစ်ကူများဖြင့် လိုက်လံရှင်းလင်းတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁၁ နာရီခန့်တွင် တိုက်ပွဲရပ်တန့်ကာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အလောင်းလက်နက်များထားကာ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ယနေ့နံနက်ပိုင်း ၇ နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များမှ တပ်ဆေးရုံအရှေ့ဘက် ငွေချန်တောင်ကာကင်းကုန်းအား တိုက်ခိုက်ရန် ချဉ်းကပ်လာစဉ် လေကြောင်းမှ လျပ်တပြတ်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ကူ/ Drone ပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်းခြင်း၊ ကာကင်းကုန်းမှတပ်မတော်သားများမှ အပြင်းအထန်ချေမှုန်း တိုက်ခိုက်ခြင်းတို့ကြောင့် သောင်းကျန်းသူများ အတုံးအရုန်းသေဆုံးကာ လန်ကျထွက်ပြေး သွားကြောင်း၊ ယနေ့နံနက်ပိုင်း ၈ နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ၃၇၄ အမြောက်တပ် မြောက်ဘက်မှနေ၍ လက်နက်ကြီး/ငယ်များဖြင့် လာရောက် တိုက်ခိုက်သောကြောင့် တပ်မတော်သားများမှ အပြင်းအထန်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ/ Drone ပစ်ကူများ၏ တိကျမှန်ကန်မှုတို့ကြောင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ အလောင်းများထားကာ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ယနေ့နံနက်ပိုင်း ၉ နာရီခန့်က တပ်ဆေးရုံ မြောက်ဘက်မှ ဝင်ရောက်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား တပ်စစ်ကြောင်းမှ လက်နက်ကြီး/ ဒရုန်း ပစ်ကူများဖြင့် လိုက်လံရှင်းလင်းတိုက်ခိုက်စဉ် နှစ်ဖက်တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် တိုက်ပွဲရပ်တန့်ကာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ပြန်လည်ထွက်ပြေးသွားကြောင်းနှင့် ယနေ့နံနက်ပိုင်း ၁၁ နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ စနခ ၃၄၅ အနောက်ဘက်မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သောသောကြောင့် တပ်မတော်သားများမှ အပြင်းအထန်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ/ Drone/ လေကြောင်း ပစ်ကူများ၏ တိကျမှန်ကန်မှုတို့ကြောင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

အမ်းမြို့ နှစ်ဖက်တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု၊ Drone အဖွဲ့များ၏တိကျသော တိုက်ခိုက်မှုများကြောင့် အင်အားနည်းပါးလာသည့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အနေဖြင့် လက်ရှိအချိန်တွင် အဖွဲ့ငယ်များခွဲကာ တပ်များအား အဝေးမှ “လူအင်အားများများဖြင့် တိုက်နေသယောင်ယောင်” တပြိုင်တည်းလုပ်ဆောင်နေပြီး လူအင်အားနည်းပါးလာမှု၊ ဆေးဝါးမလုံလောက်မှု၊ ရိက္ခာပြတ်လပ်မှုတွေကြောင့် ၎င်းတို့အဖွဲ့အတွင်း စခန်းတိုက်ခိုင်းပါက ထွက်ပြေးမှုများ များပြားစွာရှိလာကြောင်း၊ တပ်သို့ အလင်းဝင်လာသူများ များစွာရှိလာကြောင်းနှင့် စစ်ကျွံဝင်လာသည့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ငယ်များအား တပ်စစ်ကြောင်းများမှ ပိတ်ဆိုရှင်းလင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့နံနက်ပိုင်း ၁ နာရီခန့်က နခခ ၅ အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် AA ဘိန်းစားအဖွဲ့ဝင်များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့နေ့လည်ပိုင်းက အဆိုပါနေရာရှိ အလောင်းများအား AA အဖွဲ့မှ ပြန်လည်ယူဆောင်စဉ် နခခ ၅ အတွင်းမှ လက်နက်ကြီးများဖြင့် ထပ်မံချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါကိစ္စအား မကျေနပ်သဖြင့် AA ဘိန်းစားအဖွဲ့ဝင်များမှ အဝေးမှနေ၍ လက်နက်ငယ်များဖြင့် လှမ်းပစ်သောကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုခဏတာဖြစ်ပွားခဲ့ပြီး တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။ ဒေသခံများ၏ပြောစကားအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် AA ဘိန်းစားအဖွဲ့ဝင် ၂၈ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား တစ်ပါကားများဖြင့် သယ်ထုတ်သွားကြောင်း သိရှိရသည်။

MinChitOo