အောက်တိုဘာ ၂၇ ရက်နေ့မှာ နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ဒေသဘက်မှာ ဆုတ်ခွာထွက်ပြေးနေတဲ့ အကြမ်းဖက် TNLA ကို ထပ်ကြပ်မကွာ လိုက်လံချေမှုန်းလျက်ရှိပါတယ်။ Drone များ၊ အမြောက်များနဲ့ လိုက်လံချေမှုန်းနေသလို စစ်ကြောင်းများမှလည်း ချေမှုန်းလျက်ရှိရာ TNLA ဟာ အကျအဆုံးများစွာနဲ့ ထွက်ပြေးနေကြပါတယ်။ ဒီနေ့ တစ်ရက်တည်းမှာ ကျန်ရစ်ခဲ့တဲ့ ရန်သူ့အလောင်း/လက်နက်များ အနေနဲ့ကတော့ –
(၁) အကြမ်းဖက် TNLA ၁၇ လောင်း
(၂) Type-81 သေနတ် ၃ လက်
(၃) RPG ဗုံးသီး ၃၇ လုံး၊ ပို့ကျည် ၂၉ တောင့်
(၄) ကျည် ၅၂၀၀ တောင့်ကျော်
(၅) အီနာဂါ ၈ လုံး
(၆) ကျည်အိမ် ၃၃ ခု
(၇) တရုတ်လက်ပစ်ဗုံး ၇ လုံး
(၈) ဒရုန်းဂန်း ၁ လက်
(၉) TNLA ယူနီဖောင်း ၁၉ စုံ၊ PDF ယူနီဖောင်း ၁ စုံ
(၁၀) ကျောပိုးအိတ် ၂၃ လုံး၊ အီကွေ့မန့် ၁၀ ခု
(၁၁) ဂျန်ဘာ ၁ ခု
(၁၂) အိုက်ကွန် ၂ လုံး
(၁၃) ဘေးလွယ်အိတ် ၃ လုံး၊ စောင် – ၃ ထည်
(၁၄) မှတ်ပုံတင် ၂ ခု၊ မှန်ပြောင်း ၁ လက်
(၁၅) ကျည်ပုံးခွံ ၉ ပုံး တို့အား သိမ်းဆည်းနိုင်ခဲ့ပါတယ်။
နယ်မြေရှင်းလင်းနေဆဲဖြစ်တဲ့အတွက် အလောင်း/လက်နက်များ ရရှိပါက ထပ်မံဖော်ပြပါမယ်။






