ရွေးချယ်ခဲ့တဲ့လမ်းတွေ မမှားဖို့လိုပါတယ်

လက်သုံးချောင်းထောင်ခဲ့ပေမယ့် အမြင်မှန်ရပြီး သဘင်ချစ်တဲ့ သဘင်ပညာရှင်ဖိုးချစ်က မြန်မာ့သဘင်ရိုးရာတိမ်ကောမှာစိုးလို့ နစကနဲ့ပူးပေါင်းလာပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြပြီ။

Normal Life အနေနဲ့လျှောက်လှမ်းနေကြတဲ့ အနုပညာရှင်တွေအနေနဲ့က ပြည်သူလူထုပုံမှန်ပြန်ဖြစ်နေတဲ့အချိန်မှာ သူ့ကျွမ်းကျင်ရာအနုပညာအလုပ်တွေ ဆက်လက်လုပ်နေကြပေမယ့် ဥပမာ… အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ အာဇာနည်တို့လိုမျိုး ကိုယ့်ယုံကြည်ချက်၊ ခံယူချက်နဲ့လျှောက်လှမ်းနေတဲ့သူတွေအနေနဲ့ကတော့ တောထဲမှာ(သို့မဟုတ်) ပြည်ပနိုင်ငံတွေမှာ ဂုဏ်ငယ်စွာနဲ့ ဘဝကိုရုန်းကန်လှုပ်ရှားနေကြရတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာကြော်ကြားတဲ့အဆိုတော်/အနုပညာရှင်တွေအားလုံးကိုတော့ ပြည်ပနိုင်ငံတွေအနေနဲ့မသိနိုင်ဘူး။ မြန်မာပြည်မှာဆိုရင်တော့ အနည်းဆုံးအနုပညာရှင်တစ်ယောက်ကိုတော့ လူအထင်ကြီးခံရမှာ။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။

အနုပညာရှင်ဆိုပေမယ့်ဘာမှန်းမသိတဲ့/ ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်အဖြစ် ပြည်ပရောက်နေရင်တော့ အနည်းဆုံး စားဝတ်နေရေးအတွက် ကိုယ်တိုင်ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ရလိမ့်မယ်။

ဆိုတော့….. ကိုယ်ရွေးချယ်တဲ့လမ်း မမှားဖို့တော့လိုမယ်။

နှင်းမောင်