မိုးလေဝသသတင်းများ

❝မနက်ဖြန်မှ စတင်ကာ တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး❞

ုင်းပင်လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတိုကြောင့်လည်းကောင်း မနက်ဖြန် အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အထူးသတင်းထုတ်ပြန်၍ အသိပေးထားသည်။